Skip to main content

Command Palette

Search for a command to run...

လုပ်ငန်းရှင်တိုင်းက စာရင်းကို နားလည်ဖို့လိုသလား

Updated
1 min read
လုပ်ငန်းရှင်တိုင်းက စာရင်းကို နားလည်ဖို့လိုသလား

ကျနော်တို့ ပတ်ဝန်းကျင်မှာ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းလေးတွေ ရှိပါတယ်။ အထည်ရောင်းတဲ့ ဆိုင်တွေ ၊ ဆေးဆိုင်တွေ၊ ကုန်မာဆိုင်တွေ နဲ့ ကုန်ခြောက်ဆိုင်တွေမှာ ယခင်က စာရင်းလုပ်ခဲ့အတိုင်းစာအုပ်ထဲမှာ ဝင်ငွေ ကိုသာ မှတ်သားထားလေ့ရှိပါတယ်။ ၂၁ ရာစုမှာ နည်းပညာက အရှိန်အဟုန်နဲ့ တိုးတက်လာတဲ့အပြင် မိမိရဲ့လုပ်ငန်းကို တိုးတက်လာတဲ့နည်းပညာတွေနဲ့အတူ စီးဆင်းနေမှာသာ လုပ်ငန်းက မိမိရဲ့လုပ်ငန်းက ဆက်လက်ရပ်တည်နေမှာ ဖြစ်ပါတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ရဲ့ မြန်မာပြည်မှာ စာရင်းတွေမှတ် ဖို့ အားနည်းကျပါတယ်။ ဝင်ငွေထဲက ထွက်ငွေ နုတ်ရင် လုပ်ငန်းရဲ့ အရှုံး/အမြတ်ရပြီလို့ ထင်နေကြပါတယ်။ ဒါက မှားတယ်လို့ မဆိုသာပေမယ့် အပြည့်ဝမမှန်သေးပါဘူး။ မိမိက အိမ်ပိုင်တယ်ဆိုပါစို့ အိမ်ဆိုင်ဖွင့်တယ်ဆိုရင် ဆိုင်ခန်းငှားခ မရှိပေမယ့် ဆိုင်ခန်းငှားခကို စရိတ်အနေနဲ့ ယူဆောင်ရမှာဖြစ်ပါတယ်။ နားတော့ နည်းနည်းရှုပ်မယ် ထင်ပါတယ်။

စာရင်းကိုင်တဲ့နည်းမှာ နှစ်မျိုးရှိပါတယ် ငွေကြေးကို အခြေခံတဲ့ နည်းစနစ်နဲ့ ဆိုက်ရောက်ကာလ ကို အခြေခံတဲ့ နည်းစနစ်ရှိပါတယ်။ ငါက စီးပွားရေးလုပ်မှာလေ စာရင်းလုပ်မှာမဟုတ်ဘူးလို့ ပြောနိုင်ပါတယ်။ မြန်မာနိုင်ငံက အသေးစားလုပ်ငန်းတွေ တိုးတက်မလာရတဲ့အကြောင်းအရင်းထဲမှာ စာရင်းကို ကောင်းကောင်း မထိမ်းသိမ်းနိုင်တာကြောင့်လဲ ပါပါတယ်။

စာရင်းကိုင်တဲ့နည်းမှာဝေါဟာရတွေရှိပါတယ်

  • လုပ်ငန်းရဲ့ပိုင်ဆိုင်မှု

  • လုပ်ငန်းရဲ့ပေးရန်တာဝန်

  • ပိုင်ရှင်ရဲ့ပိုင်ဆိုင်မှု

  • လုပ်ငန်းရဲ့ဝင်ငွေ

  • လုပ်ငန်းရဲ့စရိတ်

အထက်ပါဖော်ပြထားတဲ့ ဝေါဟာရတွေက နားထဲမှာ ကိုးလို့ကန့်လန့် နိုင်နိုင်သေးပါတယ်။

စာရင်းပညာမှာက လုပ်ငန်းနဲ့ ပိုင်ရှင်ကို ခွဲမြင်ရပါတယ်။

ကျွန်တော်က လုပ်ငန်းတခုကို ငွေသား သိန်း ၁၀၀ ရာ နဲ့ ရင်းနှီးမြှပ် နှံတယ်ဆိုပါစို့

ဒါဆိုရင် လုပ်ငန်းရဲ့ပိုင်ဆိုင်မှုက သိန်း ၁၀၀ ရှိပြီး ပိုင်ရှင်ရဲ့ ပိုင်ဆိုင်မှုက သိန်း ၁၀၀ ရှိတယ်လို့မြင်လိုက်တယ်။ ဒါဆို ငါက သိန်း ၁၀၀ ရင်းပြီး စာရင်းမှာ သိန်း ၂၀၀ ပြနေတာလားလို့ ထင်ကောင်းထင်နေမှာပါ အဲ့လိုမဟုတ်ပါဘူး။

စာရင်းတွေကို သွင်းတဲ့နေရာမှာ နှစ်ဘက်သွင်းစာရင်းစနစ်နဲ့သွင်းလေ့ရှိပါတယ်။ ၁၄ ရာစုနှစ်က အီတလီ ဘုန်းတော်ကြီး လူကာပါစီယိုလီ က တီထွင်ခဲ့ပြီး ယခုတိုင် သုံးနေရတဲ့စနစ်ဖြစ်ပါတယ်

ခုနက ပြောထားသလို့ လုပ်ငန်းနဲ့ ပိုင်ရှင်ကို စာရင်းပညာက ခွဲမြင်လိုက်ပါတယ်။ လုပ်ငန်းကပိုင်ဆိုင်တဲ့ သိန်း ၁၀၀ ဆိုတာက အဲ့လုပ်ငန်းရဲ့ ပိုင်ရှင်က သိန်း၁၀၀ ကို ပြန်ရရမယ်လို့ မြင်လိုက်တာပါပဲ

လုပ်ငန်းရဲ့ပိုင်ဆိုင်မှူပိုင်ရှင်ရဲ့ပိုင်ဆိုင်မှု
၁၀၀၁၀၀

လုပ်ငန်းကို သိန်း ၁၀၀ ရာ ရင်းတာ အဲ့လုပ်ငန်းထဲက ကိုယ်က သိန်း ၁၀၀ ပြန်ရရာမှာလို့ မှတ်ထားရင် ပိုအဆင်ပြေပါတယ်။

အပိုင်း (၂) မျှော်

More from this blog

Step 4 - Setup & Use Cash Book

တာလီဆေးလ် ဆော့ဖ်ဝဲ၏ ငွေစာရင်း ပိုင်း အသုံးပြုပုံကို လက်တွေ့ လုပ်ပြထားပါသည်။ Cash Category (ငွေစာရင်း အမျိုးအစား) အသစ် ဖန်တီးရာတွင် Cash In (ငွေဝင်) သို့မဟုတ် Cash Out (ငွေထွက်) ရွေးချယ်ဖို့လိုသည်။ Cash Transaction (ငွေစာရင်း မှတ်တမ်း) အသစ် သွင်းရာတွင...

Apr 16, 20241 min read
Step 4 - Setup & Use Cash Book

Step 3 - Setup & Use POS

တာလီဆေးလ် POS ကို အသုံးပြုဖို့အတွက် Unit (ယူနစ်) Category (ကုန်အမျိုးအစား) Item (ကုန်ပစ္စည်း) နှင့် Customer (ဝယ်သူ) အနည်းဆုံး တစ်ယောက်ကို ကြိုတင် ထည့်သွင်းထားရန်လိုပါသည်။ ဤ ၃ မိနစ်စာ ဗီဒီယိုတွင် Setup လုပ်ပုံ နှင့် POS ကို အသုံးပြု၍ ဘောင်ချာထည...

Apr 16, 20241 min read
Step 3 - Setup & Use POS

Step 2 - Install

တာလီဆေးလ် ဆော့ဖ်ဝဲ ကို Android ဖုန်းများတွင် Chrome Browser ရှိပါက မိုဘိုင်း App အနေဖြင့် Install လုပ်ပြီး အလွယ်တကူအသုံးပြုနိုင်ပါသည်။ Install လုပ်ထားပါက Browser ဖွင့်ပြီး website လိပ်စာရိုက်ထည့်ပြီး သွားစရာမလိုဘဲ၊ Mobile Phone home screen မှ Tally S...

Apr 15, 20241 min read
Step 2 - Install

Step 1 - Register

Tally Sale ကို အသုံးပြုဖို့ မှန်ကန်တဲ့ email (Gmail) လိပ်စာ တစ်ခုရှိဖို့လိုအပ်ပါတယ်။ Business Name: သင့် လုပ်ငန်း/ဆိုင် အမည်ကို မြန်မာ သို့မဟုတ် English လို ထည့်သွင်းပါ။ ဤနာမည်သည် အရောင်းဘောင်ချာ တွင် အပေါ်ဆုံးမှ ပေါ်နေမည် ဖြစ်ပါသည်။ Business Phone: ...

Apr 15, 20241 min read
Step 1 - Register
T

Tally Sale - Resource Station

5 posts

Self-service resource station for using Tally Sale Point of Sale system. Software manuals, user guides and techniques are organized here.