Skip to main content

Command Palette

Search for a command to run...

Step 1 - Register

Updated
1 min read
Step 1 - Register

Tally Sale ကို အသုံးပြုဖို့ မှန်ကန်တဲ့ email (Gmail) လိပ်စာ တစ်ခုရှိဖို့လိုအပ်ပါတယ်။

Business Name:

သင့် လုပ်ငန်း/ဆိုင် အမည်ကို မြန်မာ သို့မဟုတ် English လို ထည့်သွင်းပါ။ ဤနာမည်သည် အရောင်းဘောင်ချာ တွင် အပေါ်ဆုံးမှ ပေါ်နေမည် ဖြစ်ပါသည်။

Business Phone:

သင့် လုပ်ငန်း/ဆိုင် သို့ ဆက်သွယ်လို့ရမည့်ဖုန်းနံပါတ် ကိုထည့်သွင်းပါ။ အရောင်းဘောင်ချာတွင် ဖော်ပြရန်ဖြစ်သည်။

Business Address:

သင့် လုပ်ငန်း/ဆိုင် ၏ လိပ်စာကို မြန်မာ သို့မဟုတ် English လို ထည့်သွင်းပါ။ အရောင်းဘောင်ချာတွင် ဖော်ပြရန်ဖြစ်သည်။

Your Phone:

သင့် ဖုန်းနံပါတ်ကို ထည့်သွင်းပါ။ အကြောင်းရှိပါက တာလီဆေးလ် မှ တိုက်ရိုက် ဆက်သွယ် သတင်းပို့လို့ ရစေရန် ဖြစ်သည်။ လုပ်ငန်း/ဆိုင် ဖုန်းနံပါတ်ကိုလည်းထည့်သွင်းနိုင်သည်။

Email:

သင့် ကိုယ်ပိုင် email ဖြစ်စေ၊ လုပ်ငန်းအတွက် ပြုလုပ်ထားသော email ဖြစ်စေ ထည့်သွင်းနိုင်သည်။ တာလီဆေးလ် business account ဖွင့်ပြီးပါက ဤ email ကို အတည်ပြု နံပါတ် ၆ လုံး ပို့ပေးပါလိမ့်မည်။ ဤ နံပါတ်ကို အကောက်ဖွင့်နေချိန်မှာ ဖြည့်သွင်းဖို့ လိုအပ်ပါသည်။ စကားဝှက်မေ့သွားပါကလည်း ဤ email ကို အသုံးပြု၍ ပြန်လည် ပြင်ဆင်နိုင်ပါသည်။

Password:

တာလီဆေးလ် ဆော့ဖ်ဝဲကို ဝင်ရောက်အသုံးပြုရန် သင်တစ်ဦးတည်းသာ သိသော လုံခြုံသော စကားဝှက် ကို ထည့်ပါ။ လုံခြုံစိတ်ချရစေရန်အတွက် စာလုံး အကြီး အသေး ဂဏန်းနှင့် သင်္ကေတများ ပါဝင်သော အနည်းဆုံး ၈ လုံး ဖြစ်လျှင် ပိုကောင်းပါသည်။

ဤ Post နှင့်အတူ Share ထားသော ၁ မိနစ်စာ Video လေးကို ကြည့်လိုက်ပါက လုပ်ဆောင်ရာတွင် ပိုမိုလွယ်ကူမည်ဖြစ်ပါသည်။ ဖုန်း နှင့် Screen Record လုပ်ပြီး လုပ်ပြထားသော်လည်း ကွန်ပျူတာတွင် လည်း အတူတူပဲဖြစ်သည်။

ကျေးဇူးတင်ပါတယ်။

More from this blog

လုပ်ငန်းရှင်တိုင်းက စာရင်းကို နားလည်ဖို့လိုသလား

ကျနော်တို့ ပတ်ဝန်းကျင်မှာ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းလေးတွေ ရှိပါတယ်။ အထည်ရောင်းတဲ့ ဆိုင်တွေ ၊ ဆေးဆိုင်တွေ၊ ကုန်မာဆိုင်တွေ နဲ့ ကုန်ခြောက်ဆိုင်တွေမှာ ယခင်က စာရင်းလုပ်ခဲ့အတိုင်းစာအုပ်ထဲမှာ ဝင်ငွေ ကိုသာ မှတ်သားထားလေ့ရှိပါတယ်။ ၂၁ ရာစုမှာ နည်းပညာက အရှိ...

May 23, 20241 min read
လုပ်ငန်းရှင်တိုင်းက စာရင်းကို နားလည်ဖို့လိုသလား

Step 4 - Setup & Use Cash Book

တာလီဆေးလ် ဆော့ဖ်ဝဲ၏ ငွေစာရင်း ပိုင်း အသုံးပြုပုံကို လက်တွေ့ လုပ်ပြထားပါသည်။ Cash Category (ငွေစာရင်း အမျိုးအစား) အသစ် ဖန်တီးရာတွင် Cash In (ငွေဝင်) သို့မဟုတ် Cash Out (ငွေထွက်) ရွေးချယ်ဖို့လိုသည်။ Cash Transaction (ငွေစာရင်း မှတ်တမ်း) အသစ် သွင်းရာတွင...

Apr 16, 20241 min read
Step 4 - Setup & Use Cash Book

Step 3 - Setup & Use POS

တာလီဆေးလ် POS ကို အသုံးပြုဖို့အတွက် Unit (ယူနစ်) Category (ကုန်အမျိုးအစား) Item (ကုန်ပစ္စည်း) နှင့် Customer (ဝယ်သူ) အနည်းဆုံး တစ်ယောက်ကို ကြိုတင် ထည့်သွင်းထားရန်လိုပါသည်။ ဤ ၃ မိနစ်စာ ဗီဒီယိုတွင် Setup လုပ်ပုံ နှင့် POS ကို အသုံးပြု၍ ဘောင်ချာထည...

Apr 16, 20241 min read
Step 3 - Setup & Use POS

Step 2 - Install

တာလီဆေးလ် ဆော့ဖ်ဝဲ ကို Android ဖုန်းများတွင် Chrome Browser ရှိပါက မိုဘိုင်း App အနေဖြင့် Install လုပ်ပြီး အလွယ်တကူအသုံးပြုနိုင်ပါသည်။ Install လုပ်ထားပါက Browser ဖွင့်ပြီး website လိပ်စာရိုက်ထည့်ပြီး သွားစရာမလိုဘဲ၊ Mobile Phone home screen မှ Tally S...

Apr 15, 20241 min read
Step 2 - Install
T

Tally Sale - Resource Station

5 posts

Self-service resource station for using Tally Sale Point of Sale system. Software manuals, user guides and techniques are organized here.