Skip to main content

Command Palette

Search for a command to run...

Step 2 - Install

Updated
1 min read
Step 2 - Install

တာလီဆေးလ် ဆော့ဖ်ဝဲ ကို Android ဖုန်းများတွင် Chrome Browser ရှိပါက မိုဘိုင်း App အနေဖြင့် Install လုပ်ပြီး အလွယ်တကူအသုံးပြုနိုင်ပါသည်။

Install လုပ်ထားပါက Browser ဖွင့်ပြီး website လိပ်စာရိုက်ထည့်ပြီး သွားစရာမလိုဘဲ၊ Mobile Phone home screen မှ Tally Sale App icon ကို နှိပ်ပြီး တိုက်ရိုက် အသုံးပြုနိုင်ပါသည်။

Install လုပ်ဖို့အတွက် Chrome ကိုဖွင့်ပါ။ ထုံးစံအတိုင်း google တွင် tallysale ဟုရိုက်ရှာပြီး website ကိုသွားပါ။

1. ညာဖက် အပေါ်ထောင့်ရှိ Menu ကိုဖွင့်၍ Sign In ကိုနှိပ်ပါ။

2. Username နေရာတွင် Register လုပ်ခဲ့သည့် email နှင့် Password နေရာတွင် မိမိပေးထားခဲ့သည့် Password ကိုရိုက်ထည့်ပြီး Sign In ခလုတ်ကိုနှိပ်ပါ။

3. ဆော့ဖ်ဝဲအတွင်းရောက်ပါက ဘယ်ဖက်အပေါ်ဒေါင့်ရှိ Menu ကိုနှိပ်ပြီး Home ကိုသွားပါ။ "Install" ခလုတ် ရှိနေသည်ကိုတွေ့ရမည်။ နှိပ်လိုက်ပါ။ Install လုပ်နေသည်ကို ခဏစောင့်ပါ။ ပြီးသွားပါက Noti တက်လာသည်ကို တွေ့ရမည်။

4. Chrome ကိုပိတ်ပြီး။ Android Home ကိုသွား ပါက Tally Sale App icon ကိုတွေ့ရမည် ဖြစ်သည်။ နောက်ပိုင်း App ကိုနှိပ်ပြီး အသုံးပြုနိုင်ပါပြီ။

ဤ Post နှင့်အတူ Share ထားသော Video အတိုလေးကို ကြည့်လိုက်ပါက လုပ်ဆောင်ရာတွင် ပိုမိုလွယ်ကူမည်ဖြစ်ပါသည်။ ဖုန်း နှင့် Screen Record လုပ်ပြီး လုပ်ပြထားသော်လည်း Windows 10/11 ကွန်ပျူတာများတွင် လည်း Chrome Browser သုံးပြီး Install လုပ်သုံးပုံ အတူတူပဲဖြစ်သည်။

ကျေးဇူးတင်ပါတယ်။

More from this blog

လုပ်ငန်းရှင်တိုင်းက စာရင်းကို နားလည်ဖို့လိုသလား

ကျနော်တို့ ပတ်ဝန်းကျင်မှာ တနိုင်တပိုင်စီးပွားရေးလုပ်ငန်းလေးတွေ ရှိပါတယ်။ အထည်ရောင်းတဲ့ ဆိုင်တွေ ၊ ဆေးဆိုင်တွေ၊ ကုန်မာဆိုင်တွေ နဲ့ ကုန်ခြောက်ဆိုင်တွေမှာ ယခင်က စာရင်းလုပ်ခဲ့အတိုင်းစာအုပ်ထဲမှာ ဝင်ငွေ ကိုသာ မှတ်သားထားလေ့ရှိပါတယ်။ ၂၁ ရာစုမှာ နည်းပညာက အရှိ...

May 23, 20241 min read
လုပ်ငန်းရှင်တိုင်းက စာရင်းကို နားလည်ဖို့လိုသလား

Step 4 - Setup & Use Cash Book

တာလီဆေးလ် ဆော့ဖ်ဝဲ၏ ငွေစာရင်း ပိုင်း အသုံးပြုပုံကို လက်တွေ့ လုပ်ပြထားပါသည်။ Cash Category (ငွေစာရင်း အမျိုးအစား) အသစ် ဖန်တီးရာတွင် Cash In (ငွေဝင်) သို့မဟုတ် Cash Out (ငွေထွက်) ရွေးချယ်ဖို့လိုသည်။ Cash Transaction (ငွေစာရင်း မှတ်တမ်း) အသစ် သွင်းရာတွင...

Apr 16, 20241 min read
Step 4 - Setup & Use Cash Book

Step 3 - Setup & Use POS

တာလီဆေးလ် POS ကို အသုံးပြုဖို့အတွက် Unit (ယူနစ်) Category (ကုန်အမျိုးအစား) Item (ကုန်ပစ္စည်း) နှင့် Customer (ဝယ်သူ) အနည်းဆုံး တစ်ယောက်ကို ကြိုတင် ထည့်သွင်းထားရန်လိုပါသည်။ ဤ ၃ မိနစ်စာ ဗီဒီယိုတွင် Setup လုပ်ပုံ နှင့် POS ကို အသုံးပြု၍ ဘောင်ချာထည...

Apr 16, 20241 min read
Step 3 - Setup & Use POS

Step 1 - Register

Tally Sale ကို အသုံးပြုဖို့ မှန်ကန်တဲ့ email (Gmail) လိပ်စာ တစ်ခုရှိဖို့လိုအပ်ပါတယ်။ Business Name: သင့် လုပ်ငန်း/ဆိုင် အမည်ကို မြန်မာ သို့မဟုတ် English လို ထည့်သွင်းပါ။ ဤနာမည်သည် အရောင်းဘောင်ချာ တွင် အပေါ်ဆုံးမှ ပေါ်နေမည် ဖြစ်ပါသည်။ Business Phone: ...

Apr 15, 20241 min read
Step 1 - Register
T

Tally Sale - Resource Station

5 posts

Self-service resource station for using Tally Sale Point of Sale system. Software manuals, user guides and techniques are organized here.